အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့အတွင်း သွေးလွန်တုတ်ကွေးကာကွယ်ရေး Abate ဆေးးခပ်မည့်အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီခန့်က မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ အနည်းငယ် ဖြစ်ပေါ်ခဲ့ရာ အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ် ကျေးရွာအနီး ကျောက်ပန်းတောင်း- မိတ္ထီလာသွား ကားလမ်းမပေါ်တွင် ထန်းပင်တစ်ပင်နှင့် ထနောင်းပင်တစ်ပင် ပြိုလဲမှုဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး ကားလမ်းပိတ်ဆို့မှု မဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များမှ အမြန်ဆုံးသွားရောက် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
May 03,2024
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မီးလောင်ပျက်စီးခဲ့ရသော ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်အဆောက်အဦအား မူလပုံစံမပျက် (Steel Structure) ဖြင့် ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ် သော ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း အားကစားနည်း (၅)မျိုးအား ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးအား တစ်ဦးလျှင် အာဟာရပစ္စည်း(၅)မျိုးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 03,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဝိုင်းမော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 03,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် နည်းပညာအဆိုပြုလွှာ (TP)နှင့် စျေးနှုန်းအဆိုပြုလွှာ (PP) လက်ခံစိစစ်ခြင်းအိတ်ဖွင့် တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။