ပိုင်ကျုံမြို့ ဒေါ်လန်း(RHC)၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပိုင်ကျုံ မေ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်း(RHC) အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို ဒေါ်လန်း(RHC)မှ တာဝန်ခံဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း၍ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် အခြားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယခင်လများ၌ ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ထိုးနှံခဲ့ရကြောင်း  ယခုအခါ ဒေါ်လန်း (RHC)၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခဲ့မှုကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုအဆင်ပြေလာကြောင်း  သိရသည်။

နော်ခူး(ပြန်/ဆက်)