ဒိုက်ဦးမြို့နယ်တွင် ၂ဝ၂၄-ခုနှစ် ၊ ခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးသင်တန်း သင်ကြားပို့ချ

ဒိုက်ဦး မေ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်သင်တန်းကို သင်ကြားပို့ချလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီလ (၆) ရက်နေ့မှစတင်၍ မေလ (၁၅) ရက်နေ့အထိ ရက်ပေါင်း (၄၀) အတွင်း ဒိုက်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ သင်တန်းနည်းပြ (၅၈)ဦး၊ ကြီးကြပ် (၆) ဦးအား (၅၈)နေရာရှိ သင်တန်းသားစုစုပေါင်း (၅၈၅၆)ဦးကို သင်ကြားပေးနေကြောင်း သိရသည်။

သင်တန်းများ ပို့ချရာသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)