ကျောက်ပန်းတောင်း မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းဖွင့် ရာသီမတိုင်မီ နွေရာသီအခြေခံအားကစား သင်တန်းအဖြစ် အခြေခံ ကရာတေးသင်တန်း ဖွင့်ပွဲကို မေ(၇)ရက်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးအောင်ကိုကိုလတ်(မြို့နယ်အား/ကာမှူး)က မိတ်ဆက်စကားပြောကြားသည်။ ယင်းနောက်ခန်းမအတွင်း သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးသည်။ အဆိုပါ အခြေခံကရာတေးသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအတွင်း နေ့စဉ်နံနက်(၆)နာရီမှ နံနက်(၇:၃၀) နာရီအထိ ရက်သတ္တနှစ်ပတ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပြီး မည်သူမဆို စိတ်ပါဝင်စားသူတိုင်း လာရောက် လေ့လာ သင်ယူနိုင်ကြောင်း သိရသည်။
အဆိုပါ ရက်တိုအခြေခံ ကရာတေးသင်တန်းကို ကျောင်းသားကလေးငယ်များ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရပြီး ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၀)ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)