ဇီးကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်

ဇီးကုန်း မေ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးနှိုးဆော်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့တွင် မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသန့်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ပြည်သူများအနေဖြင့်လေပြင်းဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို ပြည်သူလူထုသိရှိဆောင်ရွက်နိုင်စေရန် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်အသိပေးခဲ့ကြခဲ့ကြပြီး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများပြသခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)