ချောင်းဆုံ မေ ၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားနှင့် စေတနာလုပ်အားရှင်၊ အလှူရှင်များအားဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မုဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များတက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ(နာယက)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက ဖတ်ကြားခဲ့ပြီး ရေအလှူရှင်များ ၊ စေတနာ့လုပ်အားရှင်များနှင့် ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ကြက်ခြေနီအသင်းဝင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲရှိ လူမှုကယ်ဆယ်ရေးလုပ်ငန်းများအသုံးပြုနေသည့် ကယ်ဆယ်ရေးပစ္စည်းများအား ကြည်ရှုခဲ့ပြီးလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)