မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ၂၀၂၄ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ မေ ၈

လူသားချင်းစာနာမှု အစဥ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး (Keeping Humanity Alive) ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ခုနှစ်ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးမြသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

ဆက်လက်၍ ကြက်ခြေနီနေ့အထိမ်းအမှတ် ဂုဏ်ပြုပြိုင်ပွဲများတွင် ဒိုင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ နည်းပြများ၊ ဆုရရှိသော တပ်ဖွဲ့ဝင်များအားလုံးကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်()၊ ဌာနဆိုင်ရာများ၊ YMBA အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)