ဆိပ်ဖြူ မေ ၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သက်ကြီးဘိုးဘွာများ အပူဒဏ်အန္တာရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းကို ယောဝရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ဖွင်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လက်ရှိအချိန်ကာလသည် ဒေသအပူချိန်မြင့်မားနေသည့် ကာလဖြစ်သည့်အတွက် သက်ကြီးအဘိုးအဘွားများ အပူဒဏ်အန္တရာယ်မှ ကင်းဝေးသက်သာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖဒေသခံပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အပူရှောင်စခန်းသို့ လာရောက်အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးများကို အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက သက်ကြီးဘိုးဘွားများကို အားဖြည့်အချိုရည်များနှင့် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် သက်ကြီးဘိုးဘွားများ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)