တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

တန့်ယန်း မေ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်ထံမှ ပေးပို့သော ၂၀၂၄-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး စိုင်းစန်းလှထွန်းက ဖတ်ကြားခဲ့သည်။

အခမ်းအနားအပြီးတွင် မိုင်းအန္တရာယ် အသိပညာပေးနံရံကပ်စာဆောင်နှင့် မှတ်တမ်းဓာတ်ပုံများကို တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်ကြသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)