နတ်တလင်း မေ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၁၀) ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် (၂၁) ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၄၁) ဦး၊ အလယ်တန်းအဆင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် (၂) ဦး၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် (၁) ဦး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် (၁) ဦး၊ မူလတန်းအဆင့် ပိုစတာပြိုင်ပွဲတွင် (၁) ဦးတို့ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)