ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကျင်းပ

ကလေး မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းသား၊‌ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် အတွေ့အကြုံသစ် ဗဟုသုတများရရှိပြီး အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမ ဒေါ်နီနီဝင်းက စာစီစာကုံးအမျိုးအစားများ၊ စာစီစာကုံးများ‌တွင် အဓိကပါဝင်ရမည့် နိဒါန်း၊ စာကိုယ်၊ နိဂုံး  စသည့်ပါဝင်ရမည့် အကြောင်းအရာများကို မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်အတွင်း ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကိုသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)