ကော့သောင်း မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော အသက်(၂၁)နှစ်အောက် (၉)ဦးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အေးရိပ်ငြိမ်မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့သည်။
အဆိုပါ အသက်(၂၁)နှစ်အောက် (၉)ဦးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဘောလုံးအသင်း(၁၀)သင်းဖြင့် ဧပြီ(၂၈)ရက်နေ့မှ စတင်၍ အုပ်စုဖွဲ့အသင်းလိုက်အုပ်စုပွဲစဉ်များ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ယမန်နေ့က တတိယလုပွဲစဉ်တွင် KT အကယ်ဒမီအသင်းနှင့်ပစ်တိုင်းထောင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ပူးတွဲတတိယဆုရရှိ၍ ဗိုလ်လုပွဲစဉ်အား Japan Fish နှင့် Tawin7 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာJapan fish အသင်းမှ (1.0) ဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများက ပူးတွဲတတိယဆု၊ တတိယဆု၊ ဒုတိယဆု၊ ဂိုးသွင်းအကောင်းဆုံးဆု၊ ကောင်းဆုံးဂိုးသမားဆုတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော Japan fish အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုမှ လည်ဆွဲဆု၊ ငွေသားဆုနှင်တံခွန်စိုက်ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)