ဘီးလင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲပြုလုပ်

ဘီးလင်း မေ ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကာလလူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက (အ.ထ.က) ကန်သာယာကျောင်း မဟော်သဓာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက ကျန်းမာရေးဝန်ကြီးဌာနမှ နွေရာသီကျန်းမာရေးအသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ‌မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ရီက သင်တန်းသား၊ သင်တန်းသူများအား သင်ခန်းစာပို့ချချက်များအပေါ် ဂရုတစိုက်မှတ်သားလိုက်နာ သင်ယူ​ကြရန်နှင့် သင်တန်းဖွင့်လှစ် သင်ကြားပေးသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၁၂) ဦးတို့က သင်တန်းသား (၁၄၉) ဦးတို့အား မေလ ၈ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ရက်သတ္တ ၂ ပတ်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)