မိုးညှင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မိုးညှင်း မေ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုရရှိကြသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ကြက်ခြေနီမောင်မယ်များက ကြက်ခြေနီတေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်လှိုင်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဂုဏ်ထူးဆောင် ဦးမြင့်သိန်းအား နှစ်ပေါင်းများစွာ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဦးငယ်က ပေးအပ်ခဲ့သည်။

ထို့နောက် မိုးညှင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းများမှ ထူးချွန်ဆုများရရှိခဲ့ကြသော သင်တန်းသား သင်တန်းသူများ၊ လူမှုရေးလုပ်ငန်းများတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သော စေတနာ့လုပ်အားရှင်ဆုများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာ့ လုပ်အားရှင်များနှင့် လစဉ်အစီရင်ခံစာ ပုံမှန်ပေးပို့သော အသင်းခွဲငယ်များကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း