အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ မရမ်းသီးထွက်ရှိရာ ကျေးရွာများတွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေချိန် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် ဈေးကောင်း ရရှိကာ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာအုပ်စု၌  နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 08,2024
တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချ​လျက်ရှိကြောင်းသိရသည်။
May 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ဦးစီပဓာန မဟာနာယက ဆရာတော်၊ နာယကဆရာတော်နှင့် ကျောင်းထိုင်လက်ထောက်ဆရာတော်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က လေဆင်နှာမောင်းတိုက်ခက်မှုကြောင့် ကျေးရွားများတွင် လူနေအိမ် (၄၃) လုံးနှင့် စာသင်ကျောင်းတစ်ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။
May 08,2024
အများပြည်သူ စာပေဗဟုသုတရရှိစေရန်၊ ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း လူငယ်များအား ဂုဏ်ပြုကြိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၁၁၃) ခြေမြန်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။