မြောင်းမြ မေ ၈
ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အလုပ် အမှုဆောင်အဖွဲ့မှ မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြု သောအားဖြင့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အ.ထ.က (၆)၊ ငွေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာကို မြောင်းမြမြို့နယ်ကြက်ခြေနီအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် တပ်ဖွဲ့ဝင်ကျင့်ဝတ် (၅၀) ရေးဖြေပြိုင်ပွဲတွင်ထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားကို မြောင်းမြမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ အလုပ်အမှုဆောင်အ ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)