Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)တွင် လျှောက်လွှာထုတ်ပေးခြင်းနှင့် လျှောက်လွှာလက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိ…
May 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/ သူများအားမေလ(၁၀)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ လျှောက်လွှာထုတ်ပေးခြင်းနှင့် လျှောက်လွှာလက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေး
May 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေလျက်ရှိရာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းအား ယမန်နေ့က လုံပုံး၊ နောင်ပစ်ကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်
May 13,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စိုက်ပျိုးမွေးမြူရေးတွဲဖက်အထက်တန်းကျောင်း (အ.ထ.က-၄) တွင် ကော်ဖီပျိုးပင်များ ပျိုးထောင်ထားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ ကော်ဖီလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များက ကော်ဖီပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများထံ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုန်းချောင်းကျေးရွာအသင်းတော်တွင် ကလေးများအား ဂီတာတီးသင်တန်းသင်ကြားပေး
May 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်း ကျေးရွာတွင် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျေးရွာအတွင်းရှိ ပညာလိုလားသော ကလေးများအား အခြေခံဂီတာတီးသင်တန်း အခြေခံ Keyboard သင်တန်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)တွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၃/၂၀၂၄) ဖွင့်လှစ်
May 13,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း(၃/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက Community Centre တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေး
May 13,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/ စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
May 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း
May 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8978
Page
8979
Page
8980
Page
8981
Current page
8982
Page
8983
Page
8984
Page
8985
Page
8986
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department