လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)တွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း (၃/၂၀၂၄) ဖွင့်လှစ်

လားရှိုး မေ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင် ပန်းအလှဆင်သင်တန်း(၃/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက Community Centre တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) ၌ ဖွင့်လှစ်သည့် လေးရက်ကြာဖွင့်လှစ်မည့် ပန်းအလှပြင်၊ ပန်းအလှဆင် သင်တန်းအမှတ်စဉ် (၃/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ(၆၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)