ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

ဇေယျာသီရိ မေ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။

လှူဒါန်းပေးရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ရေဆင်းကျေးရွာအုပ်စု ရွှေတွင်းကုန်းကျေးရွာမှ အိမ်ခြေ (၂၅၀) ခန့်အား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်သူများအား အိမ်ထောင်စုအလိုက် စနစ်တကျဖြန့်ဝေပေးခဲ့‌ကြောင်းနှင့် ရေလှောင်ကန် နှစ်ကန်အား ရေသယ်ယာဉ်များဖြင့် ရေဂါလံ (၃၆၀၀) ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)