အမြို့မြို့အနယ်နယ်သတင်းများ

May 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း(campaign)နှင့် ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။
May 13,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရီမာလာအရှေ့ကွက်၊ ၈၆×၂၅ လမ်းထောင့်တွင် ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 13,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
May 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ၊ တောင်သူဦးမောင်ရှင်၏ ကွင်းအမှတ် ၁၂၆၇၊ ဦးပိုင်အမှတ် ၆၅/၁၊ လယ်မြေဧရိယာ (၆) ဧကနှင့် ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ကန်းတောကျေးရွာရှိ တောင်သူ ဒေါ်အေးငြိမ်း၏ ကွင်းအမှတ် ၁၂၄၅၊ ဦးပိုင်အမှတ် ၂၄/၁၊ လယ်မြေဧရိယာ (၅)ဧကတို့တွင် ပြုလုပ်ခဲ့သည်။
May 13,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ ၁၃ ရက် နံနက် ၁၀ နာရီက ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဟိုက်လိုက်ကျေးရွာအုပ်စု၊ (၂၉)မိုင်ကျေးရွာရှိ ဘုရားကျောင်းတွင် ကျင်းပခဲ့ပါသည်။
May 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက် ပျိုးရာသီက စိုက်ပျိုးထားသော နှမ်း ၁၂၅၅၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။