ကြံခင်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/ သူများအားမေလ(၁၀)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ လျှောက်လွှာထုတ်ပေးခြင်းနှင့် လျှောက်လွှာလက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ပထမနှစ်၊ ဒုတိယနှစ်တက်မည့်ကျောင်းသားများအား လျှောက်လွှာထုတ်ပေးခြင်းနှင့် လက်ခံဆောင်ရွက်ပေးခြင်းကို မေလ(၁၉)ရက်နေ့အထိ ကျောင်းဖွင့်ချိန်အတွင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ ပထမနှစ်တက်ရောက်မည့်ကျောင်းသား/သူများ လျှောက်ထားနိုင်သည့် သတ်မှတ်ချက်များဖြစ်သော (၂၀၂၂-၂၀၂၃)နှင့် (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် အလယ်တန်းအဆင့်(Grade-9) အောင်မြင်သူများ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade-10) အောင်မြင်သူ(သို့) ကျရှူံးသူ(သို့) ရပ်နားထားသူများ တက်ရောက်နိုင်ပါကြောင်း သိရသည်။
အဆိုပါကျောင်းသို့ စိတ်ဝင်စားစွာတက်ရောက်လိုပါက ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ၊ လျှောက်ထားသူအမည်ပါ အိမ်ထောင်စုမိတ္တူ(တိုက်ဆိုင်စစ်ဆေးရန်မူရင်း)၊ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများဖြင့် လျှောက်လွှာ(အခမဲ့) ထုတ်ယူလျှောက်ထားနိုင်ပါကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းအား ဆက်သွယ်မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များကို ပြည်သူများ သိရှိစေရန်(online)ပေါ်တွင် ကြော်ငြာပေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)