တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

တမူး မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီအချိန်က တမူးခရိုင်  လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။    

အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအဆင့် စာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ရွှင်ဖွယ်ရာ ကာယပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ကလေးများအတွက် ပုံပြင်ပြောခြင်းများကို ကျင်းပ​​ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများများအား ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာပေး ဟောပြောခဲ့ သည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်စေရန်၊  အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူ ပြိုင်ပွဲများကိုလည်း လစဥ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ