စလင်း မေ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/ စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့်အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းအဖွဲ့များ ပါဝင်သော အဖွဲ့များလိုက်ပါ၍ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် အသားငါးစျေးနှုန်း အပါအဝင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အသိညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင်ဆိုင်းပုတ်ရှေ့နှင့် စျေးအတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက်ရောင်းချသည့် စျေးဆိုင်ခန်းများ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်၊ ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များ အစားထုပ်ပိုးရာတွင် လွယ်သူစေသည့်ကြာဖက် ငှက်ပျောဖက်များကို အသုံးပြုကြရန်နှင့် ပလတ်စတစ်အိတ် အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန်ဟောပြောခြင်း အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ပြုလုပ်ရန်တို့ကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)