အမြို့မြို့အနယ်နယ်သတင်းများ

May 13,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဂေခိုဂေဘားသာသနာ၊ လိပ်သိုမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် မေလ ၁၂ ရက်န့တွင် ကျရောက်သော မိခင်များနေ့ မိခင်များအား ဂုဏ်ပြုသောအားဖြင့် အထူးဆုတောင်းဝတ်ပြုပွဲတစ်ရပ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
May 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် အပူချိန်မြင့်မားသည့် နွေရာသီကာလအတွင်း သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေး ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနရုံးများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း​က ပြောသည်။
May 13,2024
မလွန်စျေးဆန်လှူအသင်းကြီး၏ ၁၃၈၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်အနောက်ရပ်ကွက်၊ ၃၂ လမ်း၊ ၈၅×၈၆ လမ်းကြားရှိ  ညီမူရာခန်းမ၊ အပေါ်ဆုံးထပ်တွင် ကျင်းပခဲ့သည်။
May 13,2024
မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ပြသရှင်းလင်းခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2024
ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရုံး၌ ကျင်းပပြုလုပ်သည်။
May 13,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာပြင်ပ အသိပညာ ဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း (၂/၂၀၂၄) ကို ယမန်နေ့က စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
May 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် (၁၀) နာရီက ဗိုလ်ချုပ်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။