တန့်ယန်း မေ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေလျက်ရှိရာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းအား ယမန်နေ့က လုံပုံး၊ နောင်ပစ်ကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက လုံပုံး၊ နောင်ပစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၂၈)ဦးအတွက် ငွေကျပ်(၄၁ ဒဿမ ၇)သန်းအား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)