အုန်းချောင်းကျေးရွာအသင်းတော်တွင် ကလေးများအား ဂီတာတီးသင်တန်းသင်ကြားပေး

ရွှေသောင်ယံ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်း ကျေးရွာတွင် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျေးရွာအတွင်းရှိ ပညာလိုလားသော ကလေးများအား အခြေခံဂီတာတီးသင်တန်း အခြေခံ Keyboard သင်တန်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်းရှိ ကလေးများအား အသင်းတော်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းမှာ အသင်းတော်အတွက် အသုံးပြုနိုင်ရန်နှင့် အတီးပညာများ သေသေချာချာတတ်မြောက် အောင်မြင်ပါက ကလေးများ၏ဘဝ တိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေး ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြဆရာ (၃)ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)