အမြို့မြို့အနယ်နယ်သတင်းများ

May 13,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များအား အပူဒဏ်ကာကွယ်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 13,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ယင်းနားကုန်းကျေးရွာအနီး၊ ကွင်းအမှတ်(၂၆၀၈-ခ)၊ တောင်သူ(၃၃)ဦး၏ ဆာဗိုသာနွေစပါး မျိုးစေ့ထုတ် စံပြကွက် (၁၀၀)ဧကတွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
May 13,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃.၈၃)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ယမန်နေ့နံနက် (၇) နာရီက ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
May 13,2024
ကျား၊မ အခြေပြုအကြမ်းဖက်မှုသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအန္တရာယ်ကို ဖြစ်စေတတ်ကြောင်း အသိပညာပေးရန်၊ အမျိုးသမီးများ အများစုမှာ လုပ်ငန်းခွင်နှင့်လမ်းပေါ်တွင် အကြမ်းဖက်ခံရမှုမရှိ‌‌စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိ ပညာပေးနိုင်ရန်၊ ကျားမအခြေပြုအကြမ်းဖက်မှုများက ပုံစံမျိုးစုံဖြင့်တည်ရှိနေသဖြင့် ရှောင်ရှားနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျား၊မရေးရာအကြမ်းဖက်မှု ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
May 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာ(၂)ရွာအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအရောက် ရေဂါလန် (၁၆၀၀)တို့ကို လှူဒါန်းသည်။
May 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အနာဂတ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကိုသိရှိကာ ယဉ်ကျေးသည့် သားကောင်းသမီး ကောင်းမွန်များ ဖြစ်လာစေရန် ရှမ်းတိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်(အောင်မင်္ဂလာစာသင်တိုက်)မှဦးစီး၍ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်းဖွင့်လှစ်သော မတ်လ ၁၅ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ဗုဒ္ဒဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားစာပေ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မွေတော်ကျောင်း (အောင်မင်္ဂလာစာသင်တိုက်)၌ ကျင်းပပြုလုပ်ခဲ့သည်။
May 13,2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက စကောကရင် တိုင်းရင်သားဘာသာစာပေသင် ဆရာ/ဆရာမ နွေရာသီမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ နံနက် ၈ နာရီချိန်က ကျင်းပပြုလုပ်သည်။