အမြို့မြို့အနယ်နယ်သတင်းများ

May 12,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
May 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်‌တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 12,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ နတ်ရေကန်အုပ်စု၊ ညောင်ပင်စောက်ကျေးရွာအနီးရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံမီးလောင်ရာမှမီး ကူးစက်လောင်ကျွမ်းခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
May 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ ရေဂါလံ (၁၂၀၀)အား ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၃)ရပ်ကွက်ရှိ ရတနာစန်းကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 12,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးနှင့် ဖီးနစ် (တိုက်ကွမ်ဒို) ကလပ်တို့ ပူးပေါင်းကျင်းသည့် နွေရာသီချစ်ကြည်ရေးဖလား ဖိတ်ခေါ် (တိုက်ကွမ်ဒို) ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက စိန်ပန်းအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ပညာရေးမှူး၊ ကလောခရိုင်ပညာရေးမှူးတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
May 12,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် မြို့မိကျေးရွာအုပ်စု မြို့မိကျေးရွာ၌ ယမန်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်အချိန် တောမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းမှဆေးကုသရန် လိုအပ်၍ အကူအညီတောင်းခံလာသော လူနာများအား လိုအပ်သည့်နေရာများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။