အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
မြန်မာနိုင်ငံ အပူဆုံးလတွေဖြစ်တဲ့ ဧပြီ၊ မေလတို့သည် နိုင်ငံအဝန်း အပူပြင်းဆုံးလတွေဟု သတ်မှတ်ထားခဲ့ကြပြီး ဒီနှစ်နွေရာသီသည် စံချိန်တင် အပူရှိန် မြင့်မားခဲ့၍ ရေပျက်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးတွေနဲ့ ကာကွယ်ခဲ့ပြီး မိမိအိမ် အိပ်ယာခင်းများကိုလည်း နှီးချောဖျာ၊ မြတ်ဖျာ၊ သင်ဖြူဖျာများ အစားထိုး သုံးစွဲလာကြပြီး အပြင်ထွက်တဲ့အခါ လူကြီးက‌လေးအပူဒဏ်ကာကွယ်နိုင်စေရန် ဦးထုပ်ဆောင်းကြရာ နှီးဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များနှင် စလူရွက်ဖြင့် ပြုလုပ်ထားသော စလူယပ်တောင်၊ နှီးဖြင့်ပြုလုပ်သော နှီးဦးထုပ်၊ ဂျုံရိုးဦးထုပ်များနှင့် ကလေးဆောင်း ဦးထုပ်များလည်း ရောင်းအားကောင်းလျက်ရှိကြောင်း ဈေးရောင်းသူတစ်ဦးထံမှ သိရသည်။
May 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ချောင်းဝကျေးရွာမှ တောင်သူများနှင့် တွေ့ဆုံပွဲ၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်းများကို ရွှေပြည်စိုးကျေးရွာအုပ်စု၊ (၇)မိုင်‌‌ကျေးရွာ၊ ဂေါက်ကွင်းအရှေ့၊ လယ်စိုက်ခင်း‌တွင် ယနေ့နံနက်ပိုင်း (၈)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
May 14,2024
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျူတောချောင်ကျေးရွာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေကြကြောင်း သိရသည်။
May 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍   ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
May 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ စန္ဒကူးကျောင်းတော်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၄၀)ကြိမ်မြောက် အသံမစဲအဘိဓမ္မာဒေသနာတော်(၇)ကြမ်း ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 14,2024
၂၀၂၄ -၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ကျောင်းအပ်နှံရေးဆိုင်ရာ သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင်ပြုလုပ်ကြောင်း သိရသည်။
May 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍  မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာ့သိုင်းပညာသင်တန်း (အခမဲ့)ကို  ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ဖွင့်လှစ်ခဲ့သည်။
May 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်ရှိ သီတာရေလုပ်ငန်းကုမ္ပဏီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။