အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှုလျော့နည်းသက်သာစေရေးအတွက် ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး အမှတ်(၁၄)ရပ်ကွက် စနစ်သစ်ပုထိုးတိုက်ကျောင်း၌ အပူရှောင်စခန်းဖွင့်လှစ်ခဲ့သည်။
May 14,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊  ဝါသီးနှံ စိုက်ဧက (၄၅၁) ဧက စိုက်ခင်း၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်၌ ကတင်ကျေးရွာ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 14,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၉၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော အပတ်စဉ်(၁၅)သင်တန်းဆင်းအရာရှိများ၏ (၂၈)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းလှူဒါန်းပွဲအခမ်းအနားကို နှစ်ပိုင်းခွဲ၍လှူဒါန်းပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဓမ္မဇေယျာစာသင်တိုက်နှင့် သာကေတမြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းနှစ်ပိုင်းခွဲ၍ ယမန်နေ့က လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 14,2024
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း​​​ကုသခြင်းကို (၁၃.၅.၂၀၂၄) မှ (၁၄.၅.၂၀၂၄) ရက်နေ့အထိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။
May 14,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ နေပြည်တော်ပြည်သူဆေးရုံကြီး(ခုတင်-၃၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 14,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ဆားတောင်ကျေးရွာတွင် နွေစပါးစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခြင်း၊ ကင်းတားကျေးရွာရှိ ဥစားကြက် မွေးမြူရေးနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား ယနေ့ နံနက် (၁၀) နာရီ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။