ကော့သောင်း မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်ရှိ သီတာရေလုပ်ငန်းကုမ္ပဏီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကော့သောင်းခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးမြတ်ဇော်မင်းတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သီတာရေလုပ်ငန်းကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေကြသည့် ပြည်သူများ၏ Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)