အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပရဟိတဂေဟာများမှ က‌လေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟော‌ပြောပွဲကို တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ပရဟိတ ယောင်္ကျားလေးများ ဂေဟာတွင် မေလ(၁၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး အဆိုပါဂေဟာနှင့် မိဘမဲ့ မိန်းကလေးဂေဟာတို့မှ ကလေးငယ်များအား ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဟောပြောခဲ့ကြသည်။
May 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအတင်ဖြစ်ပြီး ယခုနှစ်တွင်ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းကြောင်း သိရသည်။
May 14,2024
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဦးစီးချုပ်(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ(၂)လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိအရာခံများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် သစ်တောဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများအား သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်ပုံကို သိရှိနားလည်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရန်၊ သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကောင်းမှုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိမ့်စမ်းရေးသွယ်ယူရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြေပြင်အခြေအနေကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
May 14,2024
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးအေးမောင်၏ လူ့ဘဝလူ့လောကအမြင်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
May 14,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။