အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကျင်းပသည့် ရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
May 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
May 14,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
May 14,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ကံကော်၊ စိန်ပန်းဝါ၊ ပင်လယ်ကဗွီ၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ သင်္ဃန်းစသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိကြောင်းသိရသည်။
May 14,2024
မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းသီးနှံပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 14,2024
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီ က မြို့နယ်ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ၊ ကဗျာရွတ်နှင့်ပုံပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
May 14,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများအား M တံဆိပ်ပါ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။