မန္တလေးမြို့ပေါ်တွင် အပူရှိန် မြင့်မား၍ အပူဒဏ်ကာကွယ်ပစ္စည်းများ ရောင်းအားကောင်း

မဟာအောင်မြေ မေ ၁၄

မြန်မာနိုင်ငံ အပူဆုံးလတွေဖြစ်တဲ့ ဧပြီ၊ မေလတို့သည် နိုင်ငံအဝန်း အပူပြင်းဆုံးလတွေဟု သတ်မှတ်ထားခဲ့ကြပြီး ဒီနှစ်နွေရာသီသည် စံချိန်တင် အပူရှိန် မြင့်မားခဲ့၍ ရေပျက်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးတွေနဲ့ ကာကွယ်ခဲ့ပြီး မိမိအိမ် အိပ်ယာခင်းများကိုလည်း နှီးချောဖျာ၊ မြတ်ဖျာ၊ သင်ဖြူဖျာများ အစားထိုး သုံးစွဲလာကြပြီး အပြင်ထွက်တဲ့အခါ လူကြီးက‌လေးအပူဒဏ်ကာကွယ်နိုင်စေရန် ဦးထုပ်ဆောင်းကြရာ နှီးဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များနှင် စလူရွက်ဖြင့် ပြုလုပ်ထားသော စလူယပ်တောင်၊ နှီးဖြင့်ပြုလုပ်သော နှီးဦးထုပ်၊ ဂျုံရိုးဦးထုပ်များနှင့် ကလေးဆောင်း ဦးထုပ်များလည်း ရောင်းအားကောင်းလျက်ရှိကြောင်း ဈေးရောင်းသူတစ်ဦးထံမှ သိရသည်။

ကျွန်တော်တို့က တွန်းလှည်းနဲ့ မြို့ပတ်ရောင်းတယ်၊ ဆိုင်ပေါ်တင်ရောင်းတဲ့သူထက်စာရင် ဈေးသက်သာပါတယ်၊ ဂျုံရိုးဦးထုပ်ဆို တစ်လုံး (၄၀၀၀) ကျပ်နှင့် နှီးဦးထုပ်ဆို တစ်လုံး (၂၀၀၀)ကျပ်၊ စလင်းမြို့မှ ထွက်ရှိသည့် စလူယပ်တောင်ဆိုတစ်ချောင်း (၁၅၀၀) ကျပ်နဲ့ ရောင်းပေးပါတယ်၊ များများယူရင်တော့ ဈေးလျှော့ရောင်းချပေးပါတယ်၊ နွေရာသီလည်းဖြစ် ရာသီဥတုကလည်း ပူပြင်းတော့ ရောင်းကောင်းပါတယ်"ဟု ၎င်းက ပြောသည်။

နွေရာသီ ကာလပတ်လုံး ဦးထုပ်ပေါင်းစုံ၊ ယပ်တောင်နှင့် အခြားချည်ထည်ဦးထုပ်များ ရောင်းချလာတာ ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပြီး ရောင်းသူ၊ ဝယ်သူ အဆင်‌ပြေစေရန် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း