တွံတေး မေ ၁၄
၂၀၂၄ -၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ” ကျောင်းအပ်နှံရေးဆိုင်ရာ သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင်ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများ အခြေခံပညာသင်ယူနိုင်ရေးအတွက် အသိပညာပေးကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဆိုင်းဘုတ်အား စိုက်ထူကြကြောင်း သိရှိရသည်။
ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ကျောင်းသူများအား မေ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး (၅) နှစ်အရွယ်ကလေးများကို သူငယ်တန်း( KG)၌လည်းကောင်း၊ (၆) နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံလက်ခံသွားမည်ဖြစ်ကာ မေ ၂၃ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အညီ တွံတေးမြို့နယ်လုံးကျွတ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား