အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်၊ ဓမ္မရံသီမိုးကုတ် ရိပ်သာကျောင်းတိုက်၌ (၁၄၅)ကြိမ်မြောက် ကဆုန်လပြည့် ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ဓမ္မရံသီမိုးကုတ် ဝိပဿနာ(၁၀)ရက် အထူးတရားစခန်းပွဲကို (၁၃.၅.၂၀၂၄) မှ (၂၂.၅.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး တရားစခန်းဝင်ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အမျိုးသား/အမျိုးသမီးယောဂီများ စုစုပေါင်း (၆၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။
May 14,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ သာသနာ့ဝုဎ္ဍိပါလချောင်းကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် (တတိယ)အကြိမ် နေ့ညအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ပိတ်သိမ်းပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ တောင်သူဒေါ်မော်မော်ဝင်း၏ ကွင်း(၅၄၁-A)၊ ဦးပိုင်အမှတ်(၁က/၆) မိုးစပါးရေတော်မိုးတော်(၁၀)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်​စေပြီး စပါးအထွက်နှုန်း တိုးတက်စေရန်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းထည့်သွင်းကြဲပက်ခြင်းကိုယနေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။
May 14,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် ၂၀၂၄-၂၀၂၅ ခု၊ လုပ်ငန်းရာသီနှစ် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်စျေးကွက်အတွင်းရှိ စားသုံးဆီများကိုရည်ညွှန်းစျေး တစ်ပိဿာ (၅၈၀၀)ကျပ်နှုန်းထားဖြင့် ရောင်းချပေးနေမှုရှိ၊မရှိနှင့် စျေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများစျေးမြှင့်တင်ရောင်းချနေမှုရှိ၊မရှိကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီက ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ ကွင်းအမှတ် ၅၈၁၊ ဦးပိုင် ၉၊ တောင်သူ ဦးထွန်းလင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
May 14,2024
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။