Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၈/၂၀၂၄) ကျင်းပ
Jun 01,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၈/၂၀၂၄)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင်ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု၌ စိုက်ပျိုး/မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကဏ္ဍအပါအဝင် ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ တွ…
Jun 01,2024
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ် တလုပ်ပင်အုပ်စု ဆီဆုံကုန်းလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုး/မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေးကဏ္ဍအပါအဝင် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jun 01,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ဘိုင်းဒါးရေပိုလွှဲ(ဝီယာ)၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ကျောင်းကွင်းကျေးရွာအုပ်စုရှိ တောင်မြန်အောင်တိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၂၀)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၆)အနီးတွင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
Jun 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ-ထ-က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရာ ခရိုင်/မြို့နယ် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တက်ရောက်ဆေးကုသနေသူများ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
Jun 01,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်
Jun 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ပြန်လည် ပြင်ဆင်နေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သရက်တောရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5960
Page
5961
Page
5962
Page
5963
Current page
5964
Page
5965
Page
5966
Page
5967
Page
5968
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department