အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူ (၃၁) ဦးတို့၏ (၃၂၁.၅) ဧကအတွက် (၆၄၃) သိန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ခဲ့ရာ သွင်းအားစုများပေးအပ်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 01,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာအဆင့် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးမှတ်တမ်းများရေးသွင်းခြင်းဆိုင်ရာ မြို့နယ်အဆင့် ထပ်ဆင့်ရှင်းလင်းပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 31,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၂၀၂၄ခုနှစ်၊ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော ဖျာပုံခရိုင်ကိုယ်စားပြု အားကစားသမားများအား ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်၊ ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှေ့မှ ကျိုက်လတ်-ဖျာပုံ ကားလမ်း တစ်လျှောက်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
May 31,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မေလ ၂၀ ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 31,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
May 31,2024
ဖျာပုံမြို့နယ်၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းတို့ပူးပေါင်း၍ အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်ရည်ရွယ်၍ "လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း" ဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
May 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်း တာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန် မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁) နာရီက  ခရိုင်သာသနာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်ပြီး သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 31,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်အတွင်း မေ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မေခမြစ်ရေမြင့်တက်လာမှုကြောင့် ချီဖွေမြို့ရစ်လော်ခေါင်ရပ်ကွက်ရှိ IDPs စခန်း (၁)နှင့် (၂) တို့တွင် နေထိုင်ကြသည့် ရေဘေးသင့်အိမ်ထောင်စု (၁၃၉)စု တို့အား ကချင်ပြည်နယ်အစိုးအရအဖွဲ့က ဆန်အိတ် (၁၀၀) ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်(၁၀) နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။