ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သရက်တောရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  မိခင်ကလေးဌာနမှ သားဖွားဆရာမများ၊ (မြို့နယ် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တက်သောရောဂါ ကာကွယ်နှိပ်နင်းရေးအဖွဲ့) မှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး နေ့စားဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်/အုပ်စု ရာအိမ်မှူးများ ရပ်မိရပ်ဖများစုပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကွင်းဆင်းဟောပြောပွဲ ဆွေးနွေးခြင်းလုပ်ငန်းများအား အပတ်စဥ်သောကြာနေ့တိုင်း ပြုလုပ်ဆောင်ရွက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)