Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေး တက်ရောက်
Jun 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့…
Jun 01,2024
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း မိုးစပါးတွင် Seeder ရာနှုန်းပြည့်မီရန် မြို့နယ်အဆင့်နှင့် ကျေးရွာအုပ်စုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 01,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်မိုးစပါးတွင် Seeder ၁၀၀ ရာခိုင်နှုန်း ပြည့်မီရန် မြို့နယ်အဆင့်နှင့် ကျေးရွာအုပ်စုအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော် နွေနှမ်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု
Jun 01,2024
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၁၅-က) ဦးပိုင် အမှတ်(၃၅)ရှိ တောင်သူဦးချစ်လှိုင်၏ နွေနှမ်းဘောင်ကြီးတင် စိုက်စနစ်စံပြကွက်(၅)ဧကနှင့် လွန်ကျော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၂၀-ခ)ဦးပိုင်အမှတ်(၂၀/၂)ရှိ နွေနှမ်း ပေါင်ကြီးတင်အကွက်ကျယ်စံပြကွက် (၅၀)ဧကမှ တောင်သူဦးအောင်ဇော်မြင့်၏ (၁၀)ဧက စိုက်ကွင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘိုဘိုကျော် မေလ ၃၀ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြ စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေး၊ အခြေခံပညာအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက်ရောက်ဆုချီး…
Jun 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှ ထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကယားပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 01,2024
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ကယားပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိစေရန်နှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ ရာသီဥတုညွှန်းကိန်း သီးနှံအာမခံဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jun 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာနှင့် ဧရာဝတီတိုင်းဒေသကြီးရုံး၊ မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူတို့သည် မိုးစပါးသီးနှံအာမခံဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် အင်ငါးခွကျေးရွာ၌ (VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို ယမန်နေ့က အင်ငါးခွကျေးရွာအုပ်စု၊ အင်ငါးခွကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5962
Page
5963
Page
5964
Page
5965
Current page
5966
Page
5967
Page
5968
Page
5969
Page
5970
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department