မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းတုံ ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ-ထ-က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရာ ခရိုင်/မြို့နယ် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ-ထ-က မိုင်းတုံကျောင်းမှ ကျောင်းသူက “မြန်မာ့ကျောင်းသား” သီချင်းဖြင့် ဖွင့်လှစ်သည်။ ဆက်လက်၍ မိုင်းတုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းကလည်းကောင်း၊  ခရိုင်ပညာရေးမှူး ဦးမြတ်မိုးကလည်း‌ကောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် မိုင်းတုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ကျောင်းဝတ်စုံများကိုပေးအပ်ရာ ခရိုင်ပညာရေးမှူး ဦးမြတ်မိုးကလည်းကောင်း၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေးက ဗလာစာအုပ်များကို ပေးအပ်ရာ အ-ထ-က မိုင်းတုံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဆရာမကြီး ဒေါ်သီတာလှိုင်ကလည်းကောင်း၊ မြို့နယ်ရဲမှူးမြင့်အောင်က ပုံနှိပ်စာအုပ်များကို‌ ပေးအပ်ရာ   အ-ထ-ကမိုင်းတုံကျောင်း အုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ကလည်း‌ကောင်း၊ ခရိုင်‌ကျောင်းတိုင်နှင့်‌ မြေစာရင်းဌာနမှ ခရိုင်မှူး ဦးမိုး‌အေးဇင်သိန်းက ကလေးအသုံးအဆောင်ပစ္စည်းများ‌ ပေးအပ်ရာ နားကောင်းမှု အ-ထ-ကကျောင်းအုပ် ဆရာကြီးဦးသိန်းနိုင်ကလည်းကောင်း အသီးသီးလက်ခံခဲ့ကြ‌ကြောင်း သိရှိရပြီး အခမ်းအနားကို  (၁ဝး၃၀) အချိန်ကရုတ်သိမ်းခဲ့‌ ကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)