အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းခိုင်သဇင်ဆောင်၌ ဇွန်လ(၁)နေ့နံနက်(၁၁)နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃၉)ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာစာမေးပွဲ(မြို့နယ်အဆင့်)ဘာသာရပ်အလိုက် စာမေးပွဲကို မြို့နယ်အတွင်းရှိ ထက်၊ လယ်၊  မူ ကျောင်းသား၊ကျောင်းသူများဝင်ရောက် ဖြေဆိုခဲ့ကြသည်။
Jun 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အိမ်တော်ရာ မဟာဓမ္မရံသီ စေတီတော်မြတ်ကြီး၌ ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ဆောင်ရွက်ခဲ့သည်။
Jun 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာအသင်းတော်ခန်းမဆောင်တွင် မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်   ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 01,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ဉာဏ်စမ်းပဟေဠိ (Kahoot Quiz) ပြိုင်ပွဲကို ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ဘားအံခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 01,2024
၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Jun 01,2024
ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ နွေရာသီထိုင်းဘာသာစကား အရေး၊ အဖတ် သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 01,2024
ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရာက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(ခွဲ)၊ အ.လ.က(၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျာဉ်၌ လူထုထံဖြန့်ဝေမည့် သစ်ပင်ပျိုးပင်ပေါင်း (၉ဝဝဝဝ) အား ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံက သိရသည်။