ဒိုက်ဦးမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ဒိုက်ဦး ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ဘိုင်းဒါးရေပိုလွှဲ(ဝီယာ)၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒိုက်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်နှင့် ဝန်ထမ်းများ၊ ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ရေလဲချင်းစုကျေးရွာမှ ကျောင်းသား/ ကျောင်းသူများ၊ ဗျက်ကြီးကျေးရွာနှင့် လှည်းကူးကျေးရွာ၊ လှည်းဝိုင်းကျေးရွာများမှ ပြည်သူများစုစုပေါင်း (၁၂၅) ဦးကကျွန်း (၅၀) ပင်၊ ပိတောက် (၅၀) ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ ကံ့ကော် (၅၀)ပင်၊ ခရေ (၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင် စုစုပေါင်း ( ၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)