အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2024
အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အဖြစ် RCC သုံးထပ် “ချင်းတွင်းကျောင်း ဆောင်” သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက်(၄၂)ရှိ အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကြို၊ ကျောင်းပို့အတွက် ၁၂ ဘီးကားဝယ်ယူရန် အလှူတော်ငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 01,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခုတင်-၅၀၀၌ ကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ခုတင်-၅၀၀၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံကြီးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Jun 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 01,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျောင်းများပြန်လည်ဖွစ်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ် များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jun 01,2024
အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသည့်အခြေအနေနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်မေးမြန်းခြင်းဖြစ်ပါသည်။
Jun 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်ပျိုးဧကအပြည့်အဝစိုက်ပျိုးရေး၊ စိုက်စနစ်မှန်ကန်စေရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် အပြည့်အဝစိုက်ပျိုးနိုင်ရေး စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျွန်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်ဝန်းအတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာဆရာမများ၊ Ngo အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။