Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေး နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေးစံပြကွက် ဧက (၇၀) စိုက်ပျိုးဆောင်ရွ…
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ နွေနှမ်းဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် တောင်သူပညာ ပေးစံပြကွက် ဧက(၇၀) စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ အပတ်စဉ် ပလပ်စတစ်အိတ် မသုံးစွဲရရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက မင်းဘူးမြို့ မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Jun 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံစာစောင်နှင့်စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော်တာဆွေစာကြည့်တိုက်အား ကွင်းဆင်းဆောင်ရွက်
Jun 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ့်ကိုး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီက (ဂ) ရပ်ကွက်ရှိ သော်တာဆွေ စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင်ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် G-9 အောင်မြင်ပြီးသူများတက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြေ…
Jun 05,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၂) ပတ္တမြားခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်း၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate 9 အောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူ များ လျှောက်ထား တက်ရောက်နိုင်ကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် "မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ် (၁၅) ရပ်ကွက်ဇီးချိုပင်ဂေါက်ကွင်း၌မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်များဌားရမ်းပေး
Jun 05,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများအား ယနေ့န့နက်ပိုင်းက ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်
Jun 05,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5903
Page
5904
Page
5905
Page
5906
Current page
5907
Page
5908
Page
5909
Page
5910
Page
5911
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department