Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့၊ မြို့မဈေးကြီးအတွင်းအသားဆိုင်များအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချ ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာတုန့်ပြန်ဆောင် ရွက်ရေးဇာတ်တိုက်လေ့ကျင့်
Jun 05,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက် အေးမြသာစည်လမ်း၌ မုန်တိုင်းဘေးအန္တရာယ် မြေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရန်၊ ဂေဟစနစ်ပျက်စီးမှုကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှရရှိခံစားနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက်၈နာရီက သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာ မြောက်ဘက် ကားလမ်းမကြီးနံဘေး 85N-5E 57855 မိုင်တိုင်အမှတ်(၇/၂) အကွက်တွင် ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်း…
Jun 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့၏ အဓိကမိန်းလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အထိမ်းအမှတ် အခမ်းအနား ပြုလုပ…
Jun 05,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 05,2024
ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးသီးနှံများစိုက်ပျိုးချိန် အဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး
Jun 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးသီးနှံများ အဆင်ပြေစွာဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ၂၉ရပ်ကွက်၊ မင်းဒင်လမ်း၊ ပုညကာရီဓမာရုံတွင် တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5904
Page
5905
Page
5906
Page
5907
Current page
5908
Page
5909
Page
5910
Page
5911
Page
5912
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department