အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 05,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ခုခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 05,2024
၂၀၂၄ ခုနှစ်၊ ယနေ့ကျရောက်သည့် (၅၁)ကြိမ်မြောက်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်ပင်သစ်တောများ၏တန်ဖိုးကို မိဘပြည်သူများက အလေးထား သိရှိနားလည်ပြီး ဥပတိရုပ်ကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်က ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်း အရှေ့ကျေးရွာ ပြည်ထောင်စုလမ်းမကြီးဘေးနေရာတွင် ဌာနဆိုင်ရာများ၊ ပူးပေါင်းအဖွဲ့များက တပျော်တပါး ပါဝင်ဆင်နွဲကာ စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
Jun 05,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါဘယကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းသည့် လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 05,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် မိုးစပါးအား ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။