Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းစေရန်၊ ရာသီဥတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက တပ်နယ်ထင်းရှူးစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်(၈)နာရီက ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စိန္တာမုနိဘုရားကြီးကျောင်းတိုက်ပရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 05,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပင်လယ်ဆိပ်ကမ်းအနီး ဘလောက်ညောင်ဝိုင်းကျေးရွာရှိ အခြေခံ ပညာမူလတန်း(လွန်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် မုန်ဆည်ရေသောက်စနစ်ဖြင့် နွေနှမ်းဘောင်ကြီးတင်စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း
Jun 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၇ ကွင်း၊ ဘောင်ကြီးတင်စံပြစိုက်ခင်း နွေနှမ်း ၁၀ ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2024
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် လက်စွဲမျိုးစေ့ချကိရိယာနှင့် ဝါသီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 05,2024
စစ်ကိုင်းခရိုင်၊ မြင်းမူ၊ မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်စွဲမျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် ဝါသီးနှံအထူးဇုန်ဆောင်ရွက်မည့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်ဝါမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရေးနှင့် ရောဂါအန္တရာယ်များမှ ကင်းဝေးစေရေးအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Jun 05,2024
ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အားဆေး၊ သံချဆေးများ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ၂၀၂၄ ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Jun 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၀၂၄) ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်" သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြည်သူလုထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက-(၁)ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5899
Page
5900
Page
5901
Page
5902
Current page
5903
Page
5904
Page
5905
Page
5906
Page
5907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department