Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်လတ်မြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ပြုလုပ်
Jun 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်လမ်းညွှန်မှုဖြင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ဇွန်လ (၄) ရက်နေ့မှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Jun 05,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနရုံးခြံဝန်းရှိ မြို့မ-ယာယီပျိုးဉယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ရရှိသည့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ပေးအပ်ပွဲ ကျင်းပ
Jun 05,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Soilbuild Myanmar Construction Co.,Ltd မှ အာမခံအလုပ်သမားအား အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jun 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊တညင်းကုန်းရပ်ကွက်နှင့် မြို့သစ်(ဂ)ရပ်ကွက်တို့ရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Jun 05,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှတောင်သူများအား (၂၀၂၄) ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီး မြန်မာသုဿာန်ဝင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Jun 05,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်ခဲ့လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် ( ၃/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသလဟယ်မြို့တွင် ဒေသအဆင့် သဘာ၀ဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ သဘာ၀ဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်း (၁၄) နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5900
Page
5901
Page
5902
Page
5903
Current page
5904
Page
5905
Page
5906
Page
5907
Page
5908
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department