အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
Jun 17,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ကျင်းပသည်။
Jun 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သည့် အသိပညာပေး ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် ကျိုက္ကဆံလမ်း၊ လမ်းဆုံနေရာရှိ ရာပြည့်စျေးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2024
မ‌ကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ သဟာယစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
Jun 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၂ နာရီက Book Club အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာရေးဆရာ မောင်ကျေးဇူး၏ " လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၉၀) သန်းဖြင့် သမစိတ္တကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 16,2024
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူထားသည့် မြို့နယ်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကို ဇွန် ၁၃ ရက် ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ ပဲလှော်ဖို လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
Jun 16,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းမှ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တတိယအဆင့်ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ရေကူး အသင်းသည် ဇွန် ၁၅ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။